The Akyab Post

    မြောက်ဦးမြို့မှာ ခရီးသွားဒီဂျစ်တယ်လမ်းညွှန်စနစ်ထားဖို့ စီစဥ်နေ

    ရခိုင်ပြည်၊ ‌မြောက်ဦးမြို့က သျှစ်သောင်းပုထိုးမှာ ခရီးသွား ဒီဂျစ်တယ်လမ်းညွှန်စနစ် ( The Pagoda Digital Directory ) ထားရှိဖို့ သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာနက စီစဥ်နေတယ်လို့ သတင်းရရှိပါတယ်။

    မြောက်ဦးမြို့မှာ ခရီးသွားဒီဂျစ်တယ်လမ်းညွှန်စနစ်ထားဖို့ စီစဥ်နေ

    ရခိုင်ပြည်၊ ‌မြောက်ဦးမြို့က သျှစ်သောင်းပုထိုးမှာ ခရီးသွား ဒီဂျစ်တယ်လမ်းညွှန်စနစ် ( The Pagoda Digital Directory ) ထားရှိဖို့ သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာနက စီစဥ်နေတယ်လို့ သတင်းရရှိပါတယ်။

    စက်တင်ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နေပြည်တော်ရှိ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက် အစည်းအဝေးမှာ ရန်ကုန် ရွှေတိဂုံစေတီတော်၊ မန္တလေး မဟာမြတ်မုနိဘုရား၊ မွန်ပြည်နယ် ကျိုက်ထီရိုးစေတီတော်၊ ညောင်ဦးမြို့ ရွှေစည်းခုံ၊ အာနန္ဒာဘုရား၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ မကွေးမြို့ မြသလွန်၊ ပြည် ရွှေဆံတော်နှင့် ရခိုင်ပြည်၊ သျှစ်သောင်းပုထိုးတွေမှာ ဒီဂျစ်တယ်လမ်းညွှန်စနစ်တွေ ထားရှိဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

    ဒီဂျစ်တယ်လမ်းညွှန်စနစ်ထဲမှာ ဘုရားပုထိုးတွေရဲ့ အကြောင်းအရာအချက်အလက်တွေ၊ သမိုင်းတွေနဲ့ တခြားအချက်အလက်တွေကို စုဆောင်းထားမယ်ဖြစ်ကာ၊ ခေတ်မီနည်းပညာတွေကို အသုံးပြုပြီးတော့လဲ ခရီးသည်တွေကို ဘုရားနဲ့ပတ်သတ်တဲ့ အကြောင်းအရာအချက်အလက်တွေ သမိုင်းတွေကို အလွယ်တကူ သိရှိနိုင်အောင် စီစဉ်မဲ့စနစ်တစ်ခုလဲဖြစ်ပါတယ်။

    ဒီလို ခေတ်မီတဲ့နည်းစနစ်တွေနဲ့ ထင်ရှားကျော်ကြားတဲ့ ဘုရားတွေမှာ ဘုရာနဲ့ပတ်သတ်တဲ့အကြောင်း အရာတွေလုပ်တာဟာ ကောင်းမွန်တဲ့လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ မြောက်ဦးရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။

    “ဘုရားတွေမှာ ဒီလိုခေတ်မီနည်းစနစ်တွေနဲ့ ပြသမယ်ဆိုရင် တော်တော်လဲကောင်းလာမှာဖြစ်တယ်။ သမိုင်းအမှန်တွေကိုလဲ လူတွေအနေနဲ့ လွယ်လွယ်ကူကူသိသွားမယ်။ မဟုတ်လို့ရှိရင် ပါးစပ်ရာဇဝင်တွေနဲ့ ရှုပ်နေတာတွေ ရှိတယ်။ ဒီလိုမျိုးရှင်းပြလိုက်ရင်တော့ ရှင်းသွားတာပေါ့။ ကျမအနေနဲ့ ဒီလို ခေတ်မီနည်းစနစ်တွေတပ်ဆင်မှာကို ကြိုဆိုပါတယ်” လို့ သူကပြောပါတယ်။

    သျှစ်သောင်းပုထိုးတော်ဟာ မြောက်ဦးမြို့ရဲ့ အထင်ကရ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီးတော့ ရခိုင်ဘုရင် မင်းဗာဘုရင်က တည်ထားခဲ့တာဖြစ်ပါတယ်။

    ရှေးဟောင်းအမွေအနှစ် စေတီပုထိုးတွေ များစွာရှိတဲ့ မြောက်ဦးဒေသကို လက်ရှိမှာ ကမ္ဘာ့ရှေးဟောင်း ယဥ်ကျေးမှု အမွေအနှစ်ဒေသ ( UNESCO ) စာရင်းဝင်ရောက်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။

    ဆက်စပ်အကြောင်းအရာများ