အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည် ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာရှိတဲ့ အေအေရဲ့ စခန်းတွေကို ဗုံးကြဲခဲ့ပြီး အေအတပ်သားတွေ သေဆုံးဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံံနေတဲ့ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။

The Akyab Post/ The Red Flag
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည် ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာရှိတဲ့ အေအေရဲ့ စခန်းတွေကို ဗုံးကြဲခဲ့ပြီး အေအတပ်သားတွေ သေဆုံးဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ နေပြည်တော် ချန််နယ်ကနေ အောက်တိုဘာလ ၁ ရက်နေ့မှာ ‘ပုဏ္ဏားကျွန်းမြို့AA ရသေ့တောင်မြို့AA ပေါက်တောမြို့တို့ကို ဗုံးပတ်ကြဲသုတ်သင်၊ တစ်ဦးသေ၈ဦးဒူးပွန်းပေါင်ပွန်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပေါက်တော အာရက္ခီးတို့ကို စက်တင်ဘာ၃၀ရက် ညအချိန်ဆက်တိုက် ဗုံးကြဲတိုက်ခိုက် သုတ်သင်ခဲ့ကြောင်း ဝှစ်စတန်းထံမှ သိရသည်။ အောက်တိုဘာ၁ရက် နံနက်၁နာရီတွင် ပေါက်တောမြို့AAကိုလည်း ဖိုက်တာအုပ်လိုက်ဖြင့် ဗုံးကြဲသုတ်သင်ခဲ့ရာ သေဆုံးတိုပြတ် ထိခိုက်ပျက်စီးများပြားကြောင်း ခွေးသစ်ကင်ဌာနထံမှ သိရသည်။၂၀၂၆စက်တင်ဘာ၁ရက်မှ ၂၈ရက်ထိ အီအီရခီးအနည်းဆုံး ၆၁ဦးဘဲသေဆုံးပြီး ၉၇ဦးသာ တိုပြတ်ဖွါလန် ဒဏ်ရာရသေးကြောင်း အိုင်ရာဝတီအောင်ကြောင်ထံမှ သိရသည်။” (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။
သတင်းမှား - https://archive.is/6Yc4a
ဒီပို့်စ်ကို ဝင်ရောက်ဖတ်ရှုသူ ၄၂၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၅၂ ဦးထိရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံံနေတဲ့ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို Akyab Post ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ ပုဏ္ဏားကျွန်း ပေါက်တောနဲ့ ရသေ့တောင် လေကြောင်းတိုက်ခိုက်မှု ဆိုတဲ့ Keywords နဲ့ ရိုက်ပြီး ရှာကြည့်လိုက်တဲ့ အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DMG ကနေ အောက်တိုဘာလ ၂ ရက်နေ့မှာ “စစ်ရှောင်များ ခိုလှုံရာ ပုဏ္ဏားကျွန်း၊ အောင်ဖြူပြင်ရွာကို စစ်တပ် ဗုံးကြဲ၊ ၃ ဦး ဒဏ်ရာရ” လို့ ရေးသားဖော်ပြထားတဲ့ သတင်းကို တွေ့ရပါတယ်။
DMG သတင်းရဲ့ ရေးသားဖော်ပြချက်မှာ “ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံရာ အောင်ဖြူပြင်ကျေးရွာကို အာဏာသိမ်း စစ်တပ်က နံနက် ၁ နာရီခန့်တွင် ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ကျောက်တော်-ပုဏ္ဏားကျွန်း ကားလမ်းမရှိ ဆိုင်ကယ် ဝက်ရှောဆိုင်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင် ၂ ဦးနှင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များလည်း ပျက်စီးခဲ့သည်” လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီသတင်းကို ပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Mizzima သတင်းဌာနမှလည်း အောက်တိုဘာလ ၂ ရက်နေ့မှာ ‘ပုဏ္ဏားကျွန်းကို စစ်အုပ်စုလေကြောင်းမှ တိုက်ခိုက် ၊ ၃ ဦးဒဏ်ရာရ” လို့ ရေးသားဖော်ပြထားပါတယ်။
Mizzima သတင်းအပြည့်အစုံကို ဖတ်ရန်
ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Western News ကလည်း အောက်တိုဘာလ ၁ ရက်နေ့မှာ “ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဝီရဌာနီတို့ကို စစ်ကောင်စီဗုံးကြဲ၊ တစ်ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာပြင်းထန်” လို့ ရေးသားထားတဲ့ သတင်းကို တွေ့ရပါတယ်။
Western News သတင်းအပြည့်အစုံကို ဖတ်ရန်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပို့စ်ကို ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေက ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို စစ်တပ်ဖက်မှနေ လေကြောင်းတိုက်ခိုက်ခဲ့ပြီးတော့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးတော့ ပြည်သူတွေသေဆုံးခဲ့တာကို တွေ့ရပါတယ်။
ရခိုင်ဒေသမှာ အာရက္ခတပ်တော်နဲ့ စစ်တပ်တို့ကြားတိုက်ပွဲတွေကြောင့် စစ်ရေးနဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေ လုပ်ကြံသတင်းတွေ အများအပြား ပျံ့နှံ့လျက်ရှိပါတယ်။
စစ်ရေးနဲ့ ပတ်သက်ပြီး လုပ်ကြံဖန်တီးဖြန့်ဝေတဲ့ သတင်းတုသတင်းမှားတွေဟာ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အတွက် ဆင်ခြင်သတိထားပြီးမှ လက်ခံယုံကြည်ကြဖို့ လိုအပ်ပါတယ်။
လက်ရှိမှာ ပုဏ္ဏားကျွန်းနဲ့ စစ်တပ်အစပ်ကြားမှာ တိုက်ပွဲပြင်းထန်နေပြီးတော့ စစ်တပ်ဘက်က ကုန်း၊ရေ၊ လေသုံးပြီး ရခိုင်ဒေသကို စစ်ရေးအရတိုက်ခိုက်နေတဲ့ သတင်းတွေကိုသာ တွေ့ရပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။