The Akyab Post
    အချက်အလက်စစ်ဆေးမှု

    အေအေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်တွေမြို့တွင် အရပ်သားပြည်သူများ သေဆုံးဆိုသည့် သတင်းမှား

    အခုရက်ပိုင်းစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေဖက်မှနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် စစ်တွေမြို့တွင်း အရပ်သားပြည်သူများ သေဆုံးဆိုပြီး ထိခိုက်ဒဏ်ရာရဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။ 

    စိစစ်ခဲ့သော အဆို - Myanmar Military airstrike on Civilian in Sittwe, and said rebellion group Arakan Army do that (မှိုင်းဝေ)

    စိစစ်တွေ့ရှိချက် - မှား

    အေအေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်တွေမြို့တွင် အရပ်သားပြည်သူများ သေဆုံးဆိုသည့် သတင်းမှား

    အခုရက်ပိုင်းစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေဖက်မှနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် စစ်တွေမြို့တွင်း အရပ်သားပြည်သူများ သေဆုံးဆိုပြီး ထိခိုက်ဒဏ်ရာရဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။ 

    တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ “မှိုင်းဝေ” ကနေ အောက်တိုဘာလ ၂၃ ရက်နေ့မှာ “စစ်တွေမြို့ လူနေရပ်ကွက်အတွင်းသို့ အကြမ်းဖက် AA အဖွဲ့က လက်နက်ကြီးရဲ့ပစ်ခတ်သည့်အတွက် လူ ၅ ဦးခန့် သေဆုံး၊ ၂၃-၁၀-၂၀၂၆ ရက်နေ့ ယနေ့ နံနက် ၈ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်းရှိ လူနေရပ်ကွက်အတွင်းကို အကြမ်းဖက် AA အဖွဲ့ လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်သည့်အတွက် မင်းဘာကြီးလမ်း၊ ရွှေငါးစတိုးခွဆုံအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး  အဆိုပါ ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့လည်း ရှိကြောင်းသိရ။ မသာပေါ်တာများတဲ့ အကြမ်းဖက် AA အစွန်းရောက် မိစ္ဆာကောင်တွေကတော့ ပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်နေပြီ..’ (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန်ံဝေထားပါတယ်။

    သတင်းမှား - https://archive.ph/sdfjJ 


    ဒီပို့စ်ကို ဝင်ရောက်ဖတ်ရှုသူ ၁၂၀၀၀ ကျော်ထိရှိပြီးတော့ reaction ၃၆၉ ဦးထိ ရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့် အခြားချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

    သတင်းမှား - https://archive.ph/tFHE1 

    စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။ 

    စိစစ်ချက်

    ပျံ့နှံ့နေတဲ့ပို့်စ်ကို google advanced search tool, reverse image search tools တွေကို သုံးပြီးတော့ စစ်ဆေးကြည့်ခဲ့ပါတယ်။ 

    Google မှာ စစ်တွေမြို့တိုက်ပွဲဆိုတဲ့ Keywords နဲ့ ရိုက်ပြီးရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းမိီဒီယာ တစ်ခုဖြစ်တဲ့ DMG သတင်းဌာနကနေ အောက်တိုဘာလ ၂၃ ရက်နေ့မှာ “စစ်တွေ မြို့လယ်ခေါင်ကို Y12 ဖြင့် ဗုံးကြဲမှု ၆ ဦးထက်မနည်း သေဆုံး၊ ၃၇ ဦးထက်မနည်း ဒဏ်ရာရ” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။ 

    DMG သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာ “စစ်တွေမြို့လယ်ခေါင်ကို ယနေ့ နံနက်ပိုင်း (အောက်တိုဘာ ၂၃ ) ရက်နေ့ က အာဏာသိမ်းစစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ခံ ၆ ဦးထက်မနည်းသေဆုံးပြီး ၃၇ ဦးထက်မနည်းမှာ ဒဏ်ရာရခဲ့တယ်” လို့ ရေးသားဖော်ပြထားပါတယ်။ 

    DMG သတင်းအပြည့်အစုံကို ဒီမှာဖတ်ပါ

    ဒါ့အပြင် ဒီသတင်းကို Narinjara သတင်းဌာနမှနေလည်း အောက်တိုဘာလ ၂၃ ရက်နေ့မှာ “အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် စစ်တွေမြို့လယ်၊ မောလိပ်ရပ်ကွက်၊ ရွှေငါးမုန့်ဆိုင်အနီးတွင် ယနေ့ နံနက်က လက်နက်ကြီးကျရောက် ပေါက်ကွဲ၍ အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ အများအပြား ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်” လို့ ရေးသားဖော်ပြထားပါတယ်။ 

    Narinjara သတင်းအပြည့်အစုံကို ဒီမှာဖတ်ပါ


    ဒါ့အပြင် ဒီသတင်းကိုပဲ DVBနဲ့ Mizzima သတင်းဌာနတို့မှနေလည်း “စစ်တွေမြို့ဗုံးကြဲခံရမှု သေဆုံးသူ ၉ ဦးအထိရှိလာ၊ အသက်အန္တရာယ် စိုးရိမ်ရသူ ၅ ဦးရှိနေ” လို့ ရေးသားဖော်ပြထားပါတယ်။

    DVB သတင်းအပြည့်အစုံ
    Mizzima သတင်းအပြည့်အစုံ

    စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်မှာ စစ်တွေမြို့ပေါ်ကို စစ်အုပ်စုဖက်မှနေ လေကြောင်းမှနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတွေ သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တာကို တွေ့ရပါတယ်။

    Akyab Post ဖက်မှနေလည်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာကို အတည်ပြုပြီး မှတ်သားနိုင်ခဲ့ပါတယ်။​

    စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ စစ်တွေမြို့တွင်းနေရာကို ကြည့်ရှုရန်

    သက်သေပြချက်

    စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပို့စ်ကို စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်ပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ စစ်တွေမြို့မှာ စစ်တပ်ဖက်မှနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာကိုသာ တွေ့ရပါတယ်။ 

    စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ  စစ်တွေမြို့မှာ စစ်တပ်ဖက်မှနေ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကို အေအေဖက်မှနေ ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးရတယ်ဆိုပြီး လုပ်ကြံရေးသားပြီး သတင်းတုတသင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

    ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့ကြပါတယ်။ 

    လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

    ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

    Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

    (၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2  

    (၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm 

    လက်ရှိရခိုင်ဒေသတွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

    စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

    ဆက်စပ်အကြောင်းအရာများ