The Akyab Post
    အချက်အလက်စစ်ဆေးမှုFalse

    ပြည်မကိုထွက်ခွာနေတဲ့ ရခိုင်လူငယ်တွေကို အေအေအဖွဲ့မှနေ ပေါ်တာဆွဲဆိုပြီး ပုံအဟောင်းသုံးပြီး သတင်းမှားဖြန့်

    စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပြည်မကို ထွက်ခွာနေတဲ့ ရခိုင်လူငယ်တွေကို အာရက္ခတပ်တော် အေအေအဖွဲ့မှနေ ပေါ်တာဆွဲဆိုပြီး ပုံနဲ့တကွ ရေးသားဖြန့်ဝေထားတဲ့ ပို့စ်တွေပျံ့နှံ့လျက်ရှိပါတယ်။ 

    ပြည်မကိုထွက်ခွာနေတဲ့ ရခိုင်လူငယ်တွေကို အေအေအဖွဲ့မှနေ ပေါ်တာဆွဲဆိုပြီး ပုံအဟောင်းသုံးပြီး သတင်းမှားဖြန့်

    အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပြည်မကို ထွက်ခွာနေတဲ့ ရခိုင်လူငယ်တွေကို အာရက္ခတပ်တော် အေအေအဖွဲ့မှနေ ပေါ်တာဆွဲဆိုပြီး ပုံနဲ့တကွ ရေးသားဖြန့်ဝေထားတဲ့ ပို့စ်တွေပျံ့နှံ့လျက်ရှိပါတယ်။ 


    တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “May Yu Htar Nay” ကနေ စက်တင်ဘာလ ၂၁ ရက်နေ့မှနေ “ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ AA အဖွဲ့ကတော့ ဒေသခံရခိုင်လူငယ်တွေ ပြည်မကိုထွက်ခွာ တယ်ဆိုပြီး လမ်းခုလပ်မှာ ပေါ်တာဆွဲလုပ်ဆောင်နေ” (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။  

    May Yu Htar Nay - https://archive.is/VebMh 

    May Yu Htar Nay - https://archive.is/Ko2YC

    စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်မှနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ပုံအဟောင်းကိုသုံးပြီးတော့ သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို တွေ့ရပါတယ်။​

    စီစစ်ချက်
    စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့နေတဲ့ ပို့စ်ကို Akyab Post ဖက်မှနေ Google reversed image search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

    တင်ထားတဲ့ပုံကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ RFA သတင်းဌာနကနေ ၂၀၂၄ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ တင်ထားတဲ့ “Arakan Army tells residents to evacuate ahead of attack on western Myanmar city” ဆိုတဲ့ သတင်းမှ ပုံဖြစ်နေတာကို တွေ့ရပါတယ်။ 


    RFA သတင်းဌာနရဲ့ သတင်းမှာ သုံးထားတဲ့ ပုံဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က AFP သတင်းဌာနမှနေ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ  မြန်မာစစ်တပ်နဲ့  အာရက္ခတပ်တော် AA  တိုက်ပွဲတွေကြောင့် ဒေသခံတွေ ရွာမှနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပုံဖြစ်တယ်လ်ို့ ရေးသားဖော်ပြထားပါတယ်။​

    RFA သတင်းအပြည့်အစုံ -
    https://www.rfa.org/english/news/myanmar/arakan-army-maungdaw-warning-06172024150359.html%E1%80%9C 

    ဒီသတင်းကိုဓာတ်ပုံကိုလည်း Mizzima သတင်းဌာနမှနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ “People flee from a village after renewed fighting between Myanmar's military and the Arakan Army (AA), an ethnic minority armed group, in Pauktaw Township in western Rakhine State on November 19, 2023. Ongoing clashes between the Arakan Army (AA) and the military "have resulted in the displacement of 26,175 people" across Rakhine, the United Nations Office for the Coordination of Humanitarian Affairs said in an update. (Photo by AFP)” ဆိုပြီးတော့ တင်ထားတာကို တွေ့ရပါတယ်။ 

    Mizzima သတင်းအပြည့်အစုံ

    ဒါ့အပြင် ဒီသတင်းဓာတ်ပုံကိုပဲ “Frontier Myanmar” ကနေ ဩဂုတ်လ ၁၃ ရက်နေ့ ၂၀၂၅ ခုနှစ်က သတင်းမှာ “People flee fighting between the Myanmar military and the Arakan Army in Rakhine State’s Pauktaw Township on November 19, 2023. (AFP)” လို့ သုံးထားတာကို တွေ့ရပါတယ်။ 

    Frontier Myanmar သတင်းအပြည့်အစုံ

    စိတ်ချယုံကြည်ရတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က AFP သတင်းဌာနမှနေ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ  မြန်မာစစ်တပ်နဲ့  အာရက္ခတပ်တော် AA  တိုက်ပွဲတွေကြောင့် ဒေသခံတွေ ရွာမှနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပုံဖြစ်တယ်လ်ို့ ရေးသားဖော်ပြထားပါတယ်။ 

    သုံးသပ်ချက်  

    စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေ နိုင်ငံတကာသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ယခင်က ပုံအဟောင်းကို သုံးပြီးတော့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

    ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် အေအေဖက်ကနေ ပြည်သူလူထုရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပါတယ်ဆိုပြီးတော့​ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။​

    လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီး၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစိစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

    စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

    Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

    ဆက်စပ်အကြောင်းအရာများ